သညုပါဒါနက္ခန္ဓာ ၁

by | Jun 9, 2022 | | 0 comments

ဥပါဒါန်တရားတို့၏ အာရုံဖြစ်သော လောကီသညာအစု၊လောကီသညာထု။

သောတဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော နား။

သဒ္ဓါစရိုက်ရှိသူ

သဒ္ဓါအဖြစ်များသူကို "သဒ္ဓါစရိုက်ရှိသူ"ဟု ခေါ်သည်။ ယုံကြည်မှုသဒ္ဓါအား ကောင်းသူများ ဖြစ်သည်။

သဘာဝရုပ်

“ခက်မာခြင်း" အစရှိသော ကိုယ်ပိုင်လက္ခဏာ အသီးအသီး ရှိသော ရုပ်များ။

သုဘကိဏှာ

တင့်တယ်သော ကိုယ်ရောင်ဖြင့် ရောပြွမ်းသော ဗြဟ္မာတို့သည် သုဘကိဏှာမည်ကြသည်။