သွေး ယိုထွက်နေသော သူသေကောင်ကို “သွေး ယိုထွက်နေသော သူသေကောင်၊ သွေး ယိုထွက်နေသော သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် လောဟိတကအသုဘကမ္မဋ္ဌာန်း မည်၏။
လောဘမူ
လောဘမူဟူသော ပုဒ်သည် လောဘ+မူလ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ လောဘ=လိုချင်တပ်မက်မှုကို၊ မူလ= အခြေခံသော-ဟု...