ရူပါဝစရဝိပါက်စိတ် ၅ ပါး

by | Jun 9, 2022 | | 0 comments

၁။ရူပါဝစရဝိပါက် ပဌမဈာန်စိတ်၊ ၂။ရူပါဝစရဝိပါက် ဒုတိယဈာန်စိတ်၊ ၃။ရူပါဝစရဝိပါက် တတိယဈာန်စိတ်၊ ၄။ရူပါဝစရဝိပါက် စတုတ္ထဈာန်စိတ်၊ ၅။ရူပါဝစရဝိပါက် ပဉ္စမဈာန်စိတ်။

ရူပါဝစရဘုံ

ရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် ရူပါဝစရဘုံ မည်၏။

ရူပါဝစရ ၁၆ ဘုံ

ပဌမဈာန် ၃ ဘုံ၊ ဒုတိယဈာန် ၃ ဘုံ၊ တတိယဈာန် ၃ ဘုံ၊ စတုတ္ထဈာန် ၇ ဘုံ၊ပေါင်း ၁၆ ဘုံ။

ရူပရာဂသံယောဇဉ် ၁

ရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှုတဏှာကို "ရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ရူပရာဂသံယောဇဉ် မည်၏။ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခု၌ ရှိသော...