ရုပ်သက်

by | Jun 9, 2022 | | 0 comments

ရုပ်တွင် ဥပါဒ်ခဏ ဌီခဏ ဘင်ခဏဟု သုံးမျိုးရှိသည်။ ရုပ်၏အသက်ကို စိတ်၏သက်တမ်းဖြင့် သတ်မှတ်သည်။ ရုပ်အသက်တမ်းသည် စိတ္တက္ခဏ ၁၇ ချက် ကြာမြင့်သည်။ စိတ်ထက်အသက်တမ်း ပိုကြာသည်၊ စိတ်ပေါင်း ၁၇ ခု ချုပ်ပျက်(သက်တမ်းကုန်)မှ ရုပ်တစ်ခု ချုပ်ပျက်(သက်တမ်းကုန်)သည်။ ခဏငယ်အားဖြင့် ၅၁ ချက် ရှိသည်။

ရူပရာဂသံယောဇဉ် ၁

ရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှုတဏှာကို "ရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ရူပရာဂသံယောဇဉ် မည်၏။ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခု၌ ရှိသော...

ရူပါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အဆင်း။

ရူပရုပ် ၁၈ ပါး

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။(ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...