ရဟန္တာ

by | Jun 9, 2022 | | 0 comments

အရဟတ္တမဂ်ကို ရလျှင် အောက်မဂ်များ မပယ်နိုင်၍ ကျန်နေသော ကိလေသာ ၇-ပါးကို အကုန်အစင် ပယ်သည်၊ အာသဝေါတရားတို့လည်း ကုန်ပြီးဖြစ်သည်၊ လောက၌ အမြတ်ဆုံးသော အလှူခံပုဂ္ဂိုလ်လည်း ဖြစ်သည်၊ “ရဟန္တာ”ဟူသော အမည်ကိုလည်း ရရှိလေတော့သည်။

ရူပဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အဆင်း။

ရူပါဝစရစိတ် ၁၅ ပါး

ရူပါဝစရကုသိုလ်စိတ် ၅ ပါး၊ ရူပါဝစရဝိပါက်စိတ် ၅ ပါး၊ ရူပါဝစရကြိယာစိတ် ၅ ပါး၊ပေါင်း ၁၅ ပါး။ (ရူပါဝစရကုသိုလ်စိတ် ၅ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ရုပ်ဖြစ်ကြောင်းတရား ၄ ပါး

၁။ ကံ၊ ၂။ စိတ်၊ ၃။ ဥတု၊ ၄။ အာဟာရ။ (မိမိသန္တာန်၌ ပြုစီမံထားပြီး ဖြစ်စေထားပြီးသော အတိတ်စေတနာဟူသော "ကံ"၊ အရူပဝိပါက် ၄-ပါးနှင့် ဒွေးပဉ္စဝိညာဉ် ၁၀-မှတစ်ပါး ၇၅-ပါးသော "စိတ်"၊ ပူခြင်းအေးခြင်းဟူသော "ဥတု"၊ အဆီအနှစ်အစေးဟူသော "အာဟာရ"၊ ဤလေးပါးတို့သည် ရုပ်ဖြစ်ဖို့ရန်...

ရူပရာဂသံယောဇဉ် ၁

ရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှုတဏှာကို "ရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ရူပရာဂသံယောဇဉ် မည်၏။ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခု၌ ရှိသော...

ရုပ်သက်

ရုပ်တွင် ဥပါဒ်ခဏ ဌီခဏ ဘင်ခဏဟု သုံးမျိုးရှိသည်။ ရုပ်၏အသက်ကို စိတ်၏သက်တမ်းဖြင့် သတ်မှတ်သည်။ ရုပ်အသက်တမ်းသည် စိတ္တက္ခဏ ၁၇ ချက် ကြာမြင့်သည်။ စိတ်ထက်အသက်တမ်း ပိုကြာသည်၊ စိတ်ပေါင်း ၁၇ ခု ချုပ်ပျက်(သက်တမ်းကုန်)မှ ရုပ်တစ်ခု ချုပ်ပျက်(သက်တမ်းကုန်)သည်။ ခဏငယ်အားဖြင့် ၅၁ ချက်...