မောဟ

by | Jun 9, 2022 | | 0 comments

အာရုံ၌ တွေဝေခြင်း (အာရုံ၏ အမှန်သဘောကို မသိခြင်း) သဘော။

မဟာဗြဟ္မာ

ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မပုရောဟိတာဗြဟ္မာတို့ထက် သာလွန်မြင့်မြတ်သော ဗြဟ္မာသည် မဟာဗြဟ္မာမည်၏။

မိစ္ဆာဒိဋ္ဌိ ၁

မှားယွင်းဖောက်ပြန် မဟုတ်မမှန် ရှုမြင်တတ်သော သဘောတရားသည် "မိစ္ဆာဒိဋ္ဌိ" မည်၏။

မိဒ္ဓ

စေတသိက်များ မလန်းဘဲ မှိုင်းတိုင်းတိုင်းဖြစ်နေခြင်းသဘော။

မေတ္တာ ၁

သတ္တဝါများ၏ ကောင်းကျိုးစီးပွားကို လိုလားခြင်း, ချစ်ခင်မြတ်နိုင်ခြင်း သဘောတရားသည် "မေတ္တာ" မည်၏။

မနောဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော သိစိတ်။

မဟာဝိပါက်စိတ် ၈ ပါး

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက...