မေတ္တာ ၂

by | Jun 9, 2022 | | 0 comments

မေတ္တာ၏ တရားကိုယ် (အရင်းခံ သဘောတရား)မှာ အဒေါသ စေတသိက်ပင် ဖြစ်သည်၊ သို့သော် “ဘုရားဖူး, တရားနာ”စသော အခါမျိုး၌ ယှဉ်တွဲပါလာသော အဒေါသစေတသိက်ကား “မေတ္တာ”မဟုတ်ပါ၊ သို့ဖြစ်၍ “အဒေါသစေတသိက်ကို မေတ္တာ”ဟု ဆိုသော်လည်း အဒေါသစေတသိက်တိုင်း “မေတ္တာ” မည်သည်ကား မဟုတ်ပါ။

မဂ်စိတ်အကျဉ်း ၄ ပါး

၁။သောတာပတ္တိမဂ်စိတ်၊ ၂။သကဒါဂါမိမဂ်စိတ်၊ ၃။အနာဂါမိမဂ်စိတ်၊ ၄။အရဟတ္တမဂ်စိတ်။

မောဟ

အာရုံ၌ တွေဝေခြင်း (အာရုံ၏ အမှန်သဘောကို မသိခြင်း) သဘော။

မုဒိတာ

ကြီးပွားချမ်းသာ တိုးတက် အောင်မြင်နေသော သူကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော။

မဂ်၁

လမ်းကြောင်း၊(သုဂတိလမ်းကြောင်း၊ဒုဂ္ဂတိလမ်းကြောင်း။သုဂတိဘုံဘဝ, ဒုဂ္ဂတိဘုံဘဝသို့ သွားရောက် ခိုလှုံဖို့ရာ လမ်းကြောင်းဖြစ်သော တရားအပေါင်းကို "မဂ်"ဟု...