မဟာကပ်

by | Jun 9, 2022 | | 0 comments

ဝိဝဋ္ဋဋ္ဌာယီအသသင်္ချေယျကပ်-စသော အသင်္ချေယျကပ် (၄) ကပ်သည် မဟာကပ် မည်၏၊ ၎င်းမဟာကပ် တစ်ကပ်ကိုပင် တစ်ကမ္ဘာ-ဟု ခေါ်သည်။ ပါဠိဘာသာကပ္ပ-ဟူသော ဝေါဟာရမှ မြန်မာဘာသာ ကမ္ဘာ-ဟူသော ဝေါဟာရသို့ ပြောင်းလဲလာခြင်း ဖြစ်သည်။

မာနာနုသယ ၁

မာနသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် မာနာနုသယ မည်၏။

မိစ္ဆာသမာဓိ ၂

ဝိစိကိစ္ဆာသဟဂုတ်မှ တပါး အကုသိုလ်စိတ် ၁၀-ပါး၌ရှိသော "ဧကဂ္ဂတာ စေတသိက်"။

မောဟ

အာရုံ၌ တွေဝေခြင်း (အာရုံ၏ အမှန်သဘောကို မသိခြင်း) သဘော။

မိစ္ဆာဝါယာမ ၁

မှားယွင်းဖောက်ပြန် မဟုတ် မမှန် အားထုတ်မှုသည် "မိစ္ဆာဝါယာမ" မည်၏။