(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) များသော စိတ္တက္ခဏရှိသော အာရုံ၊ တဒါရုံ ၂ကြိမ် မဖြစ်နိုင်လောက်အောင် အတီတဘဝင် လွန်ခဲ့ပြီးမှ ထင်လာသော အာရုံသည် “မဟန္တာရုံ” မည်၏။
မရဏာနုဿတိ
(မိမိ၏) သေခြင်းကို အာရုံပြု၍ ဖြစ်သော အနုဿတိသည် မရဏာနုဿတိ မည်၏၊ သေခြင်းကို အာရုံပြု အမှတ်ရနေမှု...