မနိန္ဒြေ၁

by | Jun 9, 2022 | | 0 comments

သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

မုစ္စိတုကမျတာဉာဏ်

ငြီးငွေ့သဖြင့် ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့မှ ထွက်မြောက်လိုသော ဉာဏ်။

မစ္ဆရိယ

ကိုယ့်စည်းစိမ်ကို ဝန်တိုခြင်းသဘော၊နှမြော တွန့်တိုခြင်းသဘော။

မဟာကပ်

ဝိဝဋ္ဋဋ္ဌာယီအသသင်္ချေယျကပ်-စသော အသင်္ချေယျကပ် (၄) ကပ်သည် မဟာကပ် မည်၏၊ ၎င်းမဟာကပ် တစ်ကပ်ကိုပင် တစ်ကမ္ဘာ-ဟု ခေါ်သည်။ ပါဠိဘာသာကပ္ပ-ဟူသော ဝေါဟာရမှ မြန်မာဘာသာ ကမ္ဘာ-ဟူသော ဝေါဟာရသို့ ပြောင်းလဲလာခြင်း...

မိစ္ဆာဒိဋ္ဌိ ၁

မှားယွင်းဖောက်ပြန် မဟုတ်မမှန် ရှုမြင်တတ်သော သဘောတရားသည် "မိစ္ဆာဒိဋ္ဌိ" မည်၏။

မဟာဗြဟ္မာ

ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မပုရောဟိတာဗြဟ္မာတို့ထက် သာလွန်မြင့်မြတ်သော ဗြဟ္မာသည် မဟာဗြဟ္မာမည်၏။