မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

by | Jun 9, 2022 | | 0 comments

“ကိုယ်ရောင်ကိုယ်ဝါ-စသည်တို့သည် မဂ်-ဖိုလ် မဟုတ်၊ မဂ်-ဖိုလ်ကြောင့် ဖြစ်ပေါ်လာကြသည်လည်း မဟုတ်၊ ဤ’ကိုယ်ရောင် ကိုယ်ဝါ’ စသည်တို့ကို စဉ်းစားဆင်ခြင်မှုသည်လည်း ဝိပဿနာလမ်းမှန် မဟုတ်၊ ပေါ်လာသမျှသော ရုပ်-နာမ်တို့ကို ထင်ရှားရှိခိုက်မှာ မပြတ်မလပ် ရှုမှတ်ခြင်းကသာ ဝိပဿနာလမ်းမှန် ဖြစ်သည်”ဟု ဆင်ခြင်ဆုံးဖြတ်နိုင်သော ဉာဏ်သည် “မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ”မည်၏။ ဝိပဿနာလမ်းကြောင်းမှန် ဟုတ်သည် မဟုတ်သည်ကို သိတတ်သော (ဆုံးဖြတ်နိုင်သော) ဉာဏ်သည် လမ်းကြောင်းမှန်မဟုတ်သည်ကို သုတ်သင်ရှင်းလင်းတတ်ခြင်းကြောင့် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

မစ္ဆရိယ

ကိုယ့်စည်းစိမ်ကို ဝန်တိုခြင်းသဘော၊နှမြော တွန့်တိုခြင်းသဘော။

မောဟစရိုက်ရှိသူ

မောဟအဖြစ်များသူကို "မောဟစရိုက်ရှိသူ"ဟု ခေါ်သည်။ ဆင်ခြင်ဉာဏ်နည်းပါး မိုက်မဲသူများ၊...

မဂ္ဂင် ၈-ပါး(ဗောဓိပက္ခိယအရာ)

၁။ သမ္မာဒိဋ္ဌိ၊ ၂။ သမ္မာသင်္ကပ္ပ၊ ၃။ သမ္မာဝါစာ၊ ၄။ သမ္မာကမ္မန္တ၊ ၅။ သမ္မာအာဇီဝ၊ ၆။ သမ္မာဝါယာမ၊ ၇။ သမ္မာသတိ၊ ၈။...

မဂ်၂

နိဗ္ဗာန်ကို ရှာမှီးတတ်သည့် သမ္မာဒိဋ္ဌိ-စသော တရား။