ဗြဟ္မာ့ဘုံ ၂၀

by | Jun 9, 2022 | | 0 comments

ရူပ ၁၆ ဘုံ၊အရူပ ၄ ဘုံ၊ပေါင်း ၂၀။(ရူပ ၁၆ ဘုံ-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။

ဗာဟိရရုပ်

ကိုယ်ခန္ဓာအား အဇ္ဈတ္တိကရုပ်လောက် ကျေးဇူးမများသော ရုပ်များ။

ဗောဇ္ဈင်

ယောဂီပုဂ္ဂိုလ်များ သစ္စာလေးပါးကို သိခြင်း၏ အကြောင်းဖြစ်သော တရားသည် ဗောဇ္ဈင်မည်၏။

ဗိုလ်

မလှုပ်ရှား မယိမ်းမယိုင်သော တရားကို ဗိုလ်-ဟု ခေါ်သည်။