ဗုဒ္ဓါနုဿတိ

by | Jun 9, 2022 | | 0 comments

မြတ်စွာဘုရား၏ ဂုဏ်ကို အာရုံပြု၍ ဖြစ်သော အနုဿတိ (အဖန်တလဲလဲ အောက်မေ့မှု)သည် ဗုဒ္ဓါနုဿတိ မည်၏၊ဘုရားဂုဏ်တော်များကို အာရုံပြု အမှတ်ရနေမှု ဖြစ်သည်။

ဗိုလ်

မလှုပ်ရှား မယိမ်းမယိုင်သော တရားကို ဗိုလ်-ဟု ခေါ်သည်။

ဗောဓိပက္ခိယတရား

မဂ်ဉာဏ်ဖြစ်ပေါ်အောင် ကျေးဇူးပြုတတ်သော တရားကို ဗောဓိပက္ခိယတရား ဟုခေါ်သည်။

ဗြဟ္မဝိဟာရတရား

အပ္ပမညာ ၄-ပါးကို ပွားများ၍ နေထိုင်ခြင်းသည် မြင့်မြတ်အထက်တန်းကျသော နေထိုင်ခြင်းမျိုး ဖြစ်သည်၊ တစ်နည်းအားဖြင့် ဆိုရပါမူ မြင့်မြတ်အထက်တန်းကျသူတို့၏ နေထိုင်ခြင်းမျိုး ဖြစ်သည်၊ ထို့ကြောင့် အပ္ပမညာ ၄-ပါးကို "ဗြဟ္မဝိဟာရ တရား"ဟုလည်း...

ဗြဟ္မဝိဟာရတရား ၄ ပါး

၁။ မေတ္တာ၊ ၂။ ကရုဏာ၊ ၃။ မုဒိတာ၊ ၄။ ဥပေက္ခာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဗောဇ္ဈင် ၇ ပါး

၁။ သတိသမ္ဗောဇ္ဈင်၊ ၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ၃။ ဝီရိယသမ္ဗောဇ္ဈင်၊ ၄။ ပီတိသမ္ဗောဇ္ဈင်၊ ၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ ၆။ သမာဓိသမ္ဗောဇ္ဈင်၊ ၇။ ဥပေက္ခာသမ္ဗောဇ္ဈင်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...