ပုရိသဘာဝရုပ်

by | Jun 9, 2022 | | 0 comments

ယောကျ်ား ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို “ပုရိသဘာဝရုပ်”ဟု ခေါ်သည်၊

ပစ္စဝေက္ခဏဝသီဘော်

မနောဒွါရ၏နောက်တွင် ဖြစ်သော ဇောတို့သည် ပစ္စဝေက္ခဏာဇောတို့ ဖြစ်ကြသည်။ ထို့ကြောင့် ထိုမနောဒွါရာဝဇ္ဇန်းနောက် ဇောငါးကြိမ်/ လေးကြိမ်၊ ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်းတွင် (ဘဝင်များစွာ မခြားဘဲ) ဈာန်အင်္ဂါကို ဆင်ခြင်သော အာဝဇ္ဇနဝသီဘော်သည် ပစ္စဝေက္ခဏဝသီဘော်...

ပညိန္ဒြေ ၁

ကွဲပြားစွာ သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဥဒယဗ္ဗယဉာဏ်မှ စ၍ အစဉ်အတိုင်း တိုးတက်၍ ဆက်လက် ကြိုးစားအားထုတ်သည် ရှိသော် အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးတို့သည် အဆင့်ဆင့် ဖြစ်ပေါ်လာကြသည်၊ ထိုဝိပဿနာဉာဏ် ၉-ပါးကိုပင် "ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ"ဟု ခေါ်သည်၊ "မဂ်ဖိုလ်သို့ ရောက်ဖွယ် စင်ကြယ်သော ဉာဏ်အမြင်"ဟု ဆိုလိုသည်။...

ပီတကသိုဏ်း ကမ္မဋ္ဌာန်း

အဝါရောင် အဝိုင်းငယ်ကို (အဝါရောင်၊အဝါရောင်)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် ပီတကသိုဏ်း ကမ္မဋ္ဌာန်း...

ပရိကံ ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။

ပစ္စယုပ္ပန်

ကျေးဇူးပြု၊ ထောက်ပံ့ကူညီပေးမူကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားကို ပစ္စယုပ္ပန်-ဟု ခေါ်သည်။