ပုညကြိယဝတ္ထု

by | Jun 9, 2022 | | 0 comments

ကောင်းသော အကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်မျိုးကို “ပုညကြိယဝတ္ထု”ဟု ခေါ်သည်၊ (ပုည-ကောင်းမှုကုသိုလ်+ကြိယ-ပြုသင့်ပြုထိုက်သော+ဝတ္ထု-တည်ရာ။)

ပါဏာတိပါတဝိရတိ

ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း။(သူတစ်ပါးအသက်ကို မသတ်ဘဲ ရှောင်ခြင်း)။

ပီတိ

နှစ်သက်ခြင်းသဘော။

ပုရိသဘာဝရုပ်

ယောကျ်ား ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ပုရိသဘာဝရုပ်"ဟု ခေါ်သည်၊

ပတ္တိဒါန

မိမိရသော ကုသိုလ်အဖို့ကို အမျှပေးဝေမှု။