ပရိတ္တာဘာ

by | Jun 9, 2022 | | 0 comments

အပ္ပမာဏာဘာနှင့် အာဘဿရာဗြဟ္မာတို့လောက် ကိုယ်ရောင်မတောက်ဘဲ နည်းသော ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာတို့ကို ပရတ္တာဘာ-ဟု ခေါ်သည်။

ပရိကမ္မနိမိတ်

ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ကသိုဏ်းဝန်း-စသော နိမိတ်(ပုံရိပ်အာရုံ)ကို "ပရိကမ္မနိမိတ်"ဟု ခေါ်သည်။

ပရမတ္ထတရား

မိမိတို့၏ ပင်ကိုသဘောမှ ဖောက်ပြန် ပြောင်းလွှဲခြင်း မရှိသော၊ မှန်ကန်လျက် တကယ်ရှိသော အရှိတရား။ (တစ်နည်း) မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံပြုရာ၊ ကျက်စားရာဖြစ်သော တရား ။(ပရမတ္ထကို ပရမ+အတ္ထ-ဟု ပုဒ်ခွဲ၊ပရမ-မြတ်သော၊ အချုပ်ပဓာနဖြစ်သော၊ သဘောတရား။တစ်နည်း=ပရမ-မြတ်သော...

ပဋိသန္ဓေ ကိစ္စ

ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်းအလုပ်သည် ပဋိသန္ဓေကိစ္စ မည်၏၊