၁။ ဗြဟ္မပါရိသဇ္ဇာဘုံ၊ ၂။ ဗြဟ္မပုရောဟိတာဘုံ၊ ၃။ မဟာဗြဟ္မာဘုံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ပစ္စဝေက္ခဏာဉာဏ်
မဂ်၊ဖိုလ်၊နိဗ္ဗာန်၊ပယ်ပြီးသော ကိလေသာနှင့် မပယ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်သော ဉာဏ်။ (မဂ်စိတ် ၁-ကြိမ် ဖြစ်ပြီးသည့်နောက် မန္ဒပုဂ္ဂိုလ်ဖြစ်က ဖိုလ်ဇော ၂-ကြိမ် တိက္ခပုဂ္ဂိုလ်က ဖိုလ်ဇော ၃-ကြိမ် ဖြစ်ပြီးသည့်အတွက် ဘဝင်ကျရတော့သည်။ မဂ္ဂဝီထိနောက် ဘဝင်အပြတ်မှာ ပစ္စဝေက္ခဏာ...