ဥပေက္ခာသဟဂုတ်သန္တီရဏစိတ် ၂ ပါး၊ မဟာဝိပါက်စိတ် ၈ ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉ ပါး- ပေါင်း ၁၉ ပါးသည် ပဋိသန္ဓေကိစ္စကို ဆောင်ရွက်သော စိတ်(ပဋိသန္ဓေစိတ်) တို့ ဖြစ်သည်။”ကိစ္စကို ဆောင်ရွက်”ဟူသည် ထိုကိစ္စရှိနေသည်ဟု ဆိုလိုသည်။(ဆိုင်ရာ ခေါင်းစဉ်များကိုလည်း ရှု။)
ပဋိသန္ဓေ
ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်သောအားဖြင့် ဘဝဟောင်းအပြတ်တွင် ဘဝသစ်၌ စိတ်, စေတသိက်, ကမ္မဇရုပ်တို့၏ အစဆုံးဖြစ်ခြင်းကိုပင် 'ပဋိသန္ဓေ'ဟု...