ပစ္ဆာဇာတပစ္စယော

by | Jun 9, 2022 | | 0 comments

နောက်မှ ဖြစ်လျက် ထောက်ပံ့ခြင်းအားဖြင့် ကျေးဇူးပြုတတ်သော တရား။

ပညိန္ဒြေ ၁

ကွဲပြားစွာ သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

ပုညကြိယဝတ္ထု

ကောင်းသော အကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်မျိုးကို "ပုညကြိယဝတ္ထု"ဟု ခေါ်သည်၊...

ပစ္စည်း

ကျေးဇူးပြုတတ်၊ ထောက်ပံ့ကူညီပေးတတ်သော ဟိတ်-စသော တရားမျိုးကို ပစ္စယ= ပစ္စည်းဟု ခေါ်သည်။

ပရမတ္ထတရား ၄ ပါး

၁။ စိတ်၊ ၂။ စေတသိက်၊ ၃။ ရုပ်၊ ၄။ နိဗ္ဗာန်။ ၎င်းတို့၏ အဓပ္ပါယ်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။

ပစ္စယုပ္ပန်

ကျေးဇူးပြု၊ ထောက်ပံ့ကူညီပေးမူကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားကို ပစ္စယုပ္ပန်-ဟု ခေါ်သည်။