ပစ္စဝေက္ခဏာဉာဏ်

by | Jun 9, 2022 | | 0 comments

မဂ်၊ဖိုလ်၊နိဗ္ဗာန်၊ပယ်ပြီးသော ကိလေသာနှင့် မပယ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်သော ဉာဏ်။ (မဂ်စိတ် ၁-ကြိမ် ဖြစ်ပြီးသည့်နောက် မန္ဒပုဂ္ဂိုလ်ဖြစ်က ဖိုလ်ဇော ၂-ကြိမ် တိက္ခပုဂ္ဂိုလ်က ဖိုလ်ဇော ၃-ကြိမ် ဖြစ်ပြီးသည့်အတွက် ဘဝင်ကျရတော့သည်။ မဂ္ဂဝီထိနောက် ဘဝင်အပြတ်မှာ ပစ္စဝေက္ခဏာ ဝီထိများ ဖြစ်ကြသည်၊ ထိုပစ္စဝေက္ခဏာဝီထိများ၌ ပါသော မဟာကုသိုလ်, မဟာကြိယာဉာဏ သမ္ပယုတ်ဇောနှင့် ယှဉ်သော ဉာဏ်များကို “ပစ္စဝေက္ခဏာဉာဏ်”ဟု ခေါ်သည်။)

ပဋိသန္ဓေအခါ

ပဋိသန္ဓေစိတ် စေတသိက်နှင့် ကမ္မဇရုပ်တို့ တစ်ဘဝဝယ် ပဌမဆုံးဖြစ်ရာအခါကာလ။

ပထဝီကသိုဏ်း ကမ္မဋ္ဌာန်း

မြေဝိုင်းငယ်(ပထဝီကသိုဏ်းဝန်း)ကို "မြေ မြေ"ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် ပထဝီကသိုဏ်း ကမ္မဋ္ဌာန်း...

ပုညကြိယဝတ္ထု ၁၀ ပါး

၁။ ဒါန၊ ၂။ သီလ၊ ၃။ ဘာဝနာ၊ ၄။ အပစာယန၊ ၅။ ဝေယျာဝစ္စ၊ ၆။ ပတ္တိဒါန၊ ၇။ ပတ္တာနုမောဒန၊ ၈။ ဓမ္မဿဝန၊ ၉။ ဓမ္မဒေသနာ၊ ၁၀။ ဒိဋ္ဌိဇုကမ္မ။ (ဒါန-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...