၁။ ဝိတက္က၊ ၂။ ဝိစာရ၊ ၃။ အဓိမောက္ခ၊ ၄။ ဝီရိယ၊ ၅။ ပီတိ၊ ၆။ ဆန္ဒ။(၎င်းတို့၏ အဓိပ္ပါယ်ကို စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ပစ္စယသန္နိဿိတသီလ
တရားနည်းလမ်းဖြင့် ရလာသော ပစ္စည်း ၄-ပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်သုံးစွဲမှုသည် "ပစ္စယသန္နိဿိတသီလ" မည်၏။ လူဝတ်ကြောင်တို့အနေဖြင့်လည်း တရားနည်းလမ်းကျသော စီးပွားဖြင့် ရလာသော ပစ္စည်းကို သုံးစွဲခြင်း စားသုံးခြင်းတို့သည် ပစ္စယသန္နိဿိတသီလ...