နာမရူပပရိစ္ဆေဒဉာဏ်

by | Jun 9, 2022 | | 0 comments

ကမ္မဋ္ဌာန်းကို ရှုမှတ်နေသော ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘော (လက္ခဏာ)အားဖြင့်ဖြစ်စေ၊ စွမ်းအင်သတ္တိကိစ္စ (ရသ)အားဖြင့်ဖြစ်စေ၊ ရှုမှတ်သူ၏ အသိဉာဏ်ထဲမှာ ပေါ်လွင်ထင်ရှားလာပုံ အမူအရာ (ပစ္စုပဋ္ဌာန်)အားဖြင့်ဖြစ်စေ နာမ်-ရုပ်တို့ကို အမှန်အတိုင်း သိမြင်မှုကို “နာမရူပပရိစ္ဆေဒဉာဏ်”ဟု ခေါ်သည်။

နိမိတ်

အာရမ္မဏိကတရားတို့ဖြင့် သိအပ်သောကြောင့် အာရုံ(ပုံရိပ်)တရားသည် နိမိတ်မည်၏။

နီဝရဏ

ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို "နီဝရဏ"ဟု ခေါ်သည်။

နိမ္မာနရတိဘုံ

မိမိဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်ခြင်း ရှိကြသော နတ်တို့ ဖြစ်ရာ ဘုံ။

နိဗ္ဗိဒါဉာဏ်

အပြစ်ဟု ထင်မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ငြီးငွေ့သော ဉာဏ်။

နတ္ထိပစ္စယော

မိမိ၏ နောက် ဆက်လျက် ဖြစ်ပေါ်လာမည့် နာမ်တရားတို့အား ဖြစ်ခွင့်ပေးခြင်းအားဖြင့် ကိုယ်တိုင် မရှိတော့သည်ဖြစ်၍ ကျေးဇူးပြုတတ်သော...