ဒွိဟိတ်စိတ် ၂၂ ပါး

by | Jun 9, 2022 | | 0 comments

လောဘမူစိတ် ၈ ပါး၊ ဒေါသမူစိတ် ၂ ပါး၊ ကာမာဝစရသောဘန ဉာဏဝိပ္ပယုတ်စိတ် ၁၂ ပါး။(လောဘမူစိတ်-စသည်ကိုလည်း ရှု။)

ဒေါသမူစိတ် ၂ ပါး

၁။ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် ၁ ပါး၊၂။ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် ၁ ပါး၊ပေါင်း ၂...

ဒဿနကိစ္စ

ကြည့်ရှုခြင်းအလုပ်သည် ဒဿနကိစ္စ မည်၏။

ဒုတိယဈာန်ဘုံ

ဒုတိယဈာန်ရသော ဗြဟ္မာတို့ နေရာဘုံ ဖြစ်သောကြောင့် ဒုတိယဈာန်ဘုံဟု ခေါ်သည်။

ဒုတိယဈာန်

ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ လေးပါးအစု (လေးပါးအားလုံးပေါင်း)ကို ဒုတိယဈာန်-ဟု ခေါ်သည်။

ဒိဋ္ဌုပါဒါန် ၁

သီလဗ္ဗတပရာမာသ, အတ္တဝါဒဒိဋ္ဌိတို့မှ တပါး ကျန်ဒိဋ္ဌိ အမျိုးမျိုးသည် "ဒိဋ္ဌုပါဒါန်" မည်၏။