ပဋိသန္ဓေ ဘဝင် စုတိကိစ္စကို ဆောင်ရွက်သော စိတ်(ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်)၁၉ ပါးတို့သည် အာရုံ ဒွါရတို့၏ ထိခိုက်မှုကြောင့် ဖြစ်သော စိတ်မျိုးမဟုတ်သဖြင့် ဒွါရခြောက်ပါးမှ လွတ်သော စိတ်တို့ မည်ကုန်၏။ (ပဋိသန္ဓေကိစ္စကို ဆောင်ရွက်သော စိတ်-စသည်ကိုလည်း ရှု။)
ဒုဂ္ဂတိဘုံ
မကောင်းသော လားရောက်ရာဘုံကို "ဒုဂ္ဂတိဘုံ"ဟု ခေါ်သည်။ (ဒု-မကောင်းသော+ဂတိ-လားရောက်ရာဘုံ။)။တစ်နည်း-မကောင်းမှုရှိသော သူတို့၏ လားရောက်ရာ ဘုံ။(ဒု-မကောင်းသော သူတို့၏+ဂတိ-လားရောက်ရာ...