ဒွါရသဒ္ဒါသည် “တံခါးပေါက်”ဟူသော အနက်ကို ဟော၏၊ တံခါးပေါက်သည် လူတို့၏ ဝင်လာစရာ ဖြစ်သကဲ့သို့ ထို့အတူ စက္ခုပသာဒ- စသည်တို့သည်လည်း သက်ဆိုင်ရာ ဝီထိစိတ်တို့၏ ဝင်လာစရာ ဖြစ်၏၊ ဤသို့ တံခါးနှင့် တူသောကြောင့် စက္ခုပသာဒ စသည်တို့ကိုလည်း “ဒွါရ” ဟု ခေါ်ရသည်။
ဒေဝတာနုဿတိ
နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဒေဝတာနုဿတိ မည်၏၊ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု အမှတ်ရနေမှု...