ဒေါသမူ-ဟူသော ပုဒ်သည် ဒေါသ+မူလ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဒေါသ= စိတ်ဆိုးခြင်း စိတ်တိုခြင်း အမျက်ထွက်ခြင်းသဘောကို၊ မူလ= အခြေခံသော-ဟု အဓိပ္ပါယ်ရသည်။
ဒွါရဝိမုတ်စိတ် ၁၉ ပါး
ပဋိသန္ဓေ ဘဝင် စုတိကိစ္စကို ဆောင်ရွက်သော စိတ်(ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်)၁၉ ပါးတို့သည် အာရုံ ဒွါရတို့၏ ထိခိုက်မှုကြောင့် ဖြစ်သော စိတ်မျိုးမဟုတ်သဖြင့် ဒွါရခြောက်ပါးမှ လွတ်သော စိတ်တို့ မည်ကုန်၏။ (ပဋိသန္ဓေကိစ္စကို ဆောင်ရွက်သော စိတ်-စသည်ကိုလည်း...