နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဒေဝတာနုဿတိ မည်၏၊ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု အမှတ်ရနေမှု ဖြစ်သည်။
ဒုက္ခာနုပဿနာ
သင်္ခါရတရားတို့ကို "ဒုက္ခ ဒုက္ခ"ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို " ဒုက္ခာနုပဿနာ " ဟု ခေါ်သည်။