ဒုတိယဈာန်ဘုံ

by | Jun 9, 2022 | | 0 comments

ဒုတိယဈာန်ရသော ဗြဟ္မာတို့ နေရာဘုံ ဖြစ်သောကြောင့် ဒုတိယဈာန်ဘုံဟု ခေါ်သည်။

ဒိဋ္ဌုပါဒါန် ၁

သီလဗ္ဗတပရာမာသ, အတ္တဝါဒဒိဋ္ဌိတို့မှ တပါး ကျန်ဒိဋ္ဌိ အမျိုးမျိုးသည် "ဒိဋ္ဌုပါဒါန်" မည်၏။

ဒွါရ ၆ မျိုး (တံခါး ၆ ပေါက်)

ဒွါရတို့သည် စက္ခုဒွါရ (မျက်စိတံခါး)၊ သောတဒွါရ (နားတံခါး)၊ ဃာနဒွါရ (နှာခေါင်းတံခါး)၊ ဇိဝှါဒွါရ (လျှာတံခါး)၊ ကာယဒွါရ (ကိုယ်တံခါး)၊ မနောဒွါရ (စိတ်တံခါး)-ဟု ၆ မျိုး...

ဒိဋ္ဌိဂတသမ္ပယုတ်

ဒိဋ္ဌိဂတသမ္ပယုတ်-ဟူသော ပုဒ်သည် ဒိဋ္ဌိဂတ+သမ္ပယုတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဒိဋ္ဌိဂတ= အယူမှားမှုနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...

ဒိဋ္ဌာသဝ ၁

မှားယွင်းသော အယူ ဟူသော ဒိဋ္ဌိသည် စိမ်ရည်အရက်နှင့် တူသောကြောင့် ဒိဋ္ဌာသဝမည်၏။

ဒုက္ခာနုပဿနာ

သင်္ခါရတရားတို့ကို "ဒုက္ခ ဒုက္ခ"ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို " ဒုက္ခာနုပဿနာ " ဟု ခေါ်သည်။