ဒုဂ္ဂတိဘုံ

by | Jun 9, 2022 | | 0 comments

မကောင်းသော လားရောက်ရာဘုံကို “ဒုဂ္ဂတိဘုံ”ဟု ခေါ်သည်။ (ဒု-မကောင်းသော+ဂတိ-လားရောက်ရာဘုံ။)။တစ်နည်း-မကောင်းမှုရှိသော သူတို့၏ လားရောက်ရာ ဘုံ။(ဒု-မကောင်းသော သူတို့၏+ဂတိ-လားရောက်ရာ ဘုံ။)

ဒွါရ

ဒွါရသဒ္ဒါသည် "တံခါးပေါက်"ဟူသော အနက်ကို ဟော၏၊ တံခါးပေါက်သည် လူတို့၏ ဝင်လာစရာ ဖြစ်သကဲ့သို့ ထို့အတူ စက္ခုပသာဒ- စသည်တို့သည်လည်း သက်ဆိုင်ရာ ဝီထိစိတ်တို့၏ ဝင်လာစရာ ဖြစ်၏၊ ဤသို့ တံခါးနှင့် တူသောကြောင့် စက္ခုပသာဒ စသည်တို့ကိုလည်း "ဒွါရ" ဟု...

ဒိဗ္ဗသောတအဘိညာဉ်

နတ်တို့၏ သောတပသာဒကဲ့သို့ ဝေးသောအသံ, တိုးသော အသံကိုလည်း ကြားနိုင်သော အဘိညာဉ်။

ဒိဋ္ဌောဃ ၁

မှားယွင်းသော အယူ ဟူသော ဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့်...

ဒေါသစရိုက်ရှိသူ

ဒေါသအဖြစ်များသူကို "ဒေါသစရိုက်ရှိသူ"ဟု ခေါ်သည်။ ကြမ်းတမ်းသော ကိုယ် စိတ်ရှိသူများနှင့် အလွန်ကြောက်တတ်သူများ...