ဒိဋ္ဌိဝိသုဒ္ဓိ

by | Jun 9, 2022 | | 0 comments

နာမရူပပရိစ္ဆေဒဉာဏ် (နမ်ရုပ်တို့ကို ပိုင်းခြား၍ အမှန်အတိုင်း သိမြင်သော ဉာဏ်) သည်ပင်လျှင် အတ္တဒိဋ္ဌိအညစ်အကြေးမှ သန့်ရှင်း စင်ကြယ်သောကြောင့် “ဒိဋ္ဌိဝိသုဒ္ဓိ” မည်၏။ (ဒိဋ္ဌိ= အမြင်၊ အယူ၊ ဝိသုဒ္ဓိ= မှားယွင်းသော အမြင်ဟူသော အညစ်အကြေးမရှိ၊ စင်ကြယ်၏။)

ဒေါသ

ခက်ထန်ကြမ်းတမ်းခြင်းသဘော။

ဒေါသမူ

ဒေါသမူ-ဟူသော ပုဒ်သည် ဒေါသ+မူလ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဒေါသ= စိတ်ဆိုးခြင်း စိတ်တိုခြင်း အမျက်ထွက်ခြင်းသဘောကို၊ မူလ= အခြေခံသော-ဟု...

ဒိဗ္ဗသောတအဘိညာဉ်

နတ်တို့၏ သောတပသာဒကဲ့သို့ ဝေးသောအသံ, တိုးသော အသံကိုလည်း ကြားနိုင်သော အဘိညာဉ်။

ဒိဋ္ဌာနုသယ ၁

ဒိဋ္ဌိသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် ဒိဋ္ဌာနုသယ မည်၏။

ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်

အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ဖြင့် ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေနေခဲ့သော ပုဂ္ဂိုလ်ကို (ဖြစ်ရာဘုံကို လိုက်၍ 'ဒုဂ္ဂတိ' + ပဋိသန္ဓေကို လိုက်၍ 'အဟိတ်'= ယင်း ၂-မျိုးကို ပေါင်းစပ်လျက်) "ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်"ဟု...