တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်

by | Jun 9, 2022 | | 0 comments

သောတာပတ္တိမဂ်၏ ရှေး ဂေါတြဘုတိုင်အောင် ဖြစ်သင့်သော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီ (ဥပါဒ် ဌီ ဘင် ခဏသုံးပါးနှင့် ပြည့်စုံသော) ပုဂ္ဂိုလ်ကို “တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်”ဟု ခေါ်သည်။ သောတာပတ္တိမဂ်၏ ရှေး ဂေါတြဘုတိုင်အောင် ဟူသည်ကား အရိယာမဖြစ်သေးမီ ကာလအတွင်းဟု ဆိုလိုသည်။

တာဝတိံသာဘုံ

မာဃလုလင်နှင့် အတူ ကုသိုလ်ပြုဖက် သုံးဆယ့်သုံးယောက်သော နတ်တို့ ဖြစ်ရာ ဘုံ။

တိရစ္ဆာန်ဘုံ

တိရစ္ဆာန်-ဟူသော အမျိုးအစုသည်ပင် တိရစ္ဆာန်ဘုံမည်၏။