ဈာနင်

by | Jun 9, 2022 | | 0 comments

ဈာနင်-ဟူသည် ဈာန+အင်္ဂမှ ဆင်းသက်လာသော စကား ဖြစ်သည်၊ ဈာန= ဈာန်၏၊ အင်္ဂ= အင်္ဂါ အစိတ်အပိုင်း-ဟု ဆိုလိုသည်၊ ဈာန်ဟုခေါ်သော တရားအပေါင်း၏ တစ်ခုစီ တစ်ခုစီသော အစိတ်အစိတ် အင်္ဂါများကို “ဈာန်အင်္ဂါ”ဟု ခေါ်သည်။ (ဝိတက် (ကြံစည်ခြင်း) ,ဝိစာရ (သုံးသပ်ခြင်း) ,ပီတိ (နှစ်သက် အားရကျေနပ်ခြင်း), ဧကဂ္ဂတာ (တည်ကြည်ခြင်း) သောမနဿ (ဝမ်းမြောက်ခြင်း), ဒေါမနဿ (စိတ်မချမ်းသာခြင်း)၊ ဥပေက္ခာ (လျစ်လျူရှုခြင်း), တစ်ပါးချင်းစီကို ဈာနင်္ဂ=ဈာန်အင်္ဂါ (ဈာန်၏ အစိတ်အပိုင်း)-ဟု ခေါ်သည်။ ဒေါမနဿကား အကုသိုလ်ဈာနင်သက်သက် ဖြစ်သည်။ ကျန်ခြောက်ပါးကား ကုသိုလ် အကုသိုလ် အဗျာကတ သုံးမျိုးနှင့် ဆိုင်သော ဈာနင်များ ဖြစ်ကြသည်။)

ဈာန်

စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ ကပ်၍ ရှုတတ်သော တရား။(ကုသိုလ်အာရုံ၌ ဖြစ်စေ၊ အကုသိုလ်အာရုံ၌ ဖြစ်စေ စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ ကပ်၍ ရှုတတ်သောကြောင့် ဈာန်အမည်ရသည်။ ထို့ကြောင့် အကုသိုလ်အရာ၌ ဒေါမနဿသည်လည်း ဈာနင်...

ဈာန်အင်္ဂါ ၇ ပါး

၁။ ဝိတက်၊ ၂။ ဝိစာရ၊ ၃။ ပီတိ၊ ၄။ ဧကဂ္ဂတာ၊ ၅။ သောမနဿ၊ ၆။ ဒေါမနဿ၊ ၇။ ဥပေက္ခာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဈာနပစ္စယော

စူးစူးစိုက်စိုက် ရှုခြင်းအားဖြင့်ကျေးဇူးပြုတတ်သော တရား။

ဈာန်ဝင်စားသူ

ဈာန်စိတ်များကို မပြတ်မလပ် တလစပ် ဖြစ်စေသူ၊ ဈာန်သို့ မပြတ်မလပ် တလစပ် ရောက်နေသူ၊ ဈာန်ထဲ၌...

ဈာန်ဝင်စားခြင်း

ဈာန်သို့ ကောင်းစွာ ရောက်ခြင်း, ဈာန်ဇောချည်း ထပ်ကာထပ်ကာ အကြိမ်များစွာ ဖြစ်နေခြင်းကို ဈာန်ဝင်စားခြင်း-ဟု...