ဇိဝှါဝိညာဏ် ဒွေး ၂

by | Jun 9, 2022 | | 0 comments

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်။

ဇရာမရဏ ၁

အိုခြင်းသည် "ဇရာ" မည်၏၊ သေခြင်းသည် "မရဏ" မည်၏။

ဇိဝှါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော လျှာ။

ဇီဝိတနဝကကလာပ်

ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။