ယှဉ်တွဲ ဖြစ်ဖက်တရားတို့ကို အာရုံ၌ လှုံ့ဆော်ခြင်း(စေ့ဆော်ခြင်း)သဘော၊ အာရုံ၌ ကောင်းစွာထားတတ်သော စေတသိက်။
စတုပါရိသုဒ္ဓိသီလ ၄ ပါး
၁။ ပါတိမောက္ခသံဝရသီလ၊ ၂။ ဣန္ဒြိယသံဝရသီလ၊ ၃။ အာဇီဝပါရိသုဒ္ဓိသီလ၊ ၄။ ပစ္စယသန္နိဿိတသီလ။ ဤသီလ ၄ မျိုးကို သီလဝိသုဒ္ဓိ-ဟု ခေါ်သည်။ ရဟန်းတော်များမှာ ဤသီလ ၄-မျိုးလုံး လုံခြုံမှသာ သီလဝိသုဒ္ဓိ ဖြစ်သည်၊ ကမ္မဋ္ဌာန်းတရားကို အားထုတ်တော့မည်ဆိုလျှင် လူဝတ်ကြောင် စသည်တို့မှာလည်း...