စတုဓာတုဝဝတ္ထာန်

by | Jun 9, 2022 | | 0 comments

ခန္ဓာကိုယ်၌ “ပထဝီ, အာပေါ, တေဇော, ဝါယော”ဟူသော ဓာတ်ကြီး ၄-ပါးကို ပိုင်းခြားတတ်သော ဉာဏ်သည် “စတုဓာတုဝဝတ္ထာန်” မည်၏။

စက္ခုဝိညာဏ် ဒွေး ၂

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ်စက္ခုဝိညာဏ်။

စတုပါရိသုဒ္ဓိသီလ ၄ ပါး

၁။ ပါတိမောက္ခသံဝရသီလ၊ ၂။ ဣန္ဒြိယသံဝရသီလ၊ ၃။ အာဇီဝပါရိသုဒ္ဓိသီလ၊ ၄။ ပစ္စယသန္နိဿိတသီလ။ ဤသီလ ၄ မျိုးကို သီလဝိသုဒ္ဓိ-ဟု ခေါ်သည်။ ရဟန်းတော်များမှာ ဤသီလ ၄-မျိုးလုံး လုံခြုံမှသာ သီလဝိသုဒ္ဓိ ဖြစ်သည်၊ ကမ္မဋ္ဌာန်းတရားကို အားထုတ်တော့မည်ဆိုလျှင် လူဝတ်ကြောင် စသည်တို့မှာလည်း...

စက္ခုဒွါရိကစိတ် ၄၆ ပါး

အကုသိုလ်စိတ် ၁၂ ပါး၊ စက္ခုဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆...

စိတ်

အာရုံကို သိတတ်သော သဘောတရား

စိတ္တိဒ္ဓိပါဒ် ၁

ဈာန်, မဂ်, ဖိုလ်တည်းဟူသော အကျိုးတို့၏ အခြေခံအကြောင်းတရား ကုသိုလ်စိတ်သည် စိတ္တိဒ္ဓိပါဒ် မည်၏။