၁။ ရူပါရုံ၊ ၂။ သဒ္ဒါရုံ၊ ၃။ ဂန္ဓာရုံ၊ ။၄။ ရသာရုံ၊ ၅၊ ၆၊ ၇။ “ပထဝီ, တေဇော, ဝါယော”ဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ။ (ရူပါရုံ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ဂန္ထ
သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သော တရား။ (သံကွင်းချင်းဆက်၍ ဖွဲ့နှောင်ထား သကဲ့သို့ သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ...