ဂေါစရဂ္ဂါဟကရုပ်

by | Jun 9, 2022 | | 0 comments

အာရုံကို ယူတတ်သော ရုပ်များ။ (အာရုံကို ယူတတ်သောကြောင့် ပသာဒရုပ် ၅-ပါးကိုပင် “ဂေါစရဂ္ဂါဟကရုပ်”ဟု ခေါ်သည်၊ သို့သော် ရုပ်သည်ကား အာရုံကိုမယူတတ်ပါ၊ စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ အာရုံကို ယူတတ်၏။ ထို့ကြောင့် စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ မုချအားဖြင့် ဂေါစရဂ္ဂါဟကဟု အမည်ရနိုင်သည်။ ပသာဒရုပ်တို့ကား ဌာနျူပစာအားဖြင့်သာ ဂေါစရဂ္ဂါဟက(အာရုံကိုယူတတ်သော ရုပ်)ဟု အမည်ရပါသည်။

ဂန္ဓာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အနံ့။

ဂရုက ကံ

ပင်ကိုအားဖြင့် ကြီးလေးသော မဟဂ္ဂုတ်ကုသိုလ်ကံများနှင့် ပဉ္စာနန္တရိယကံများကို "ဂရုက ကံ"ဟု ခေါ်သည်။

ဂေါစရရုပ်

စက္ခုဝိညာဏ်-စသည်ငါးပါးတို့၏ ကျက်စားရာ အာရုံ ဖြစ်သော ရုပ်များ။

ဂန္ထ

သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သော တရား။ (သံကွင်းချင်းဆက်၍ ဖွဲ့နှောင်ထား သကဲ့သို့ သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ...