ဂဗ္ဘသေယျကသတ္တဝါ-ဟူသည် အမိဝမ်းတွင်းအောင်း၍ ပဋိသန္ဓေနေသော သတ္တဝါမျိုး ဖြစ်သည်။
ဂန္ထ
သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သော တရား။ (သံကွင်းချင်းဆက်၍ ဖွဲ့နှောင်ထား သကဲ့သို့ သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ...