ဂန္ဓဓာတ် ၁

by | Jun 9, 2022 | | 0 comments

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အနံ့။

ဂေါစရဂ္ဂါဟကရုပ်

အာရုံကို ယူတတ်သော ရုပ်များ။ (အာရုံကို ယူတတ်သောကြောင့် ပသာဒရုပ် ၅-ပါးကိုပင် "ဂေါစရဂ္ဂါဟကရုပ်"ဟု ခေါ်သည်၊ သို့သော် ရုပ်သည်ကား အာရုံကိုမယူတတ်ပါ၊ စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ အာရုံကို ယူတတ်၏။ ထို့ကြောင့် စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ မုချအားဖြင့် ဂေါစရဂ္ဂါဟကဟု...

ဂေါစရရုပ်

စက္ခုဝိညာဏ်-စသည်ငါးပါးတို့၏ ကျက်စားရာ အာရုံ ဖြစ်သော ရုပ်များ။

ဂေါတြဘု ၁

ဂေါတြဘု-ဟူသည် ကာမအနွယ်ကို လွှမ်းမိုးတတ်သော၊ ပုထုဇဉ်အနွယ်ကို ဖြတ်တတ်သော စိတ် ဖြစ်သည်။