ဂန္ထ

by | Jun 9, 2022 | | 0 comments

သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သော တရား။ (သံကွင်းချင်းဆက်၍ ဖွဲ့နှောင်ထား သကဲ့သို့ သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် “လောဘ, ဒေါသ, ဒိဋ္ဌိ”တရားတို့ကို “ဂန္ထ”ဟု ခေါ်သည်။)

ဂန္ထ ၄-ပါး

၁။ အဘိဇ္ဈာကာယဂန္ထ၊ ၂။ ဗျာပါဒကာယဂန္ထ၊ ၃။ သီလဗ္ဗတပရာမာသ ကာယဂန္ထ၊ ၄။ ဣဒံသစ္စာ ဘိနိဝေသကာယဂန္ထ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဂဗ္ဘသေယျကသတ္တဝါ

ဂဗ္ဘသေယျကသတ္တဝါ-ဟူသည် အမိဝမ်းတွင်းအောင်း၍ ပဋိသန္ဓေနေသော သတ္တဝါမျိုး ဖြစ်သည်။

ဂေါစရရုပ် ၇-ပါး

၁။ ရူပါရုံ၊ ၂။ သဒ္ဒါရုံ၊ ၃။ ဂန္ဓာရုံ၊ ။၄။ ရသာရုံ၊ ၅၊ ၆၊ ၇။ "ပထဝီ, တေဇော, ဝါယော"ဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ။ (ရူပါရုံ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဂေါစရရုပ်

စက္ခုဝိညာဏ်-စသည်ငါးပါးတို့၏ ကျက်စားရာ အာရုံ ဖြစ်သော ရုပ်များ။