စိတ်၏ ဥပါဒ်ခဏဖြစ်စေ၊ ဌီခဏဖြစ်စေ၊ ဘင်ခဏဖြစ်စေ၊ ထိုအတိုဆုံးသော အချိန်ကာလကလေးတစ်ခုကို “ခဏငယ်”ဟု ခေါ်သည်။
ခန္ဓာ
ခန္ဓ သဒ္ဒါသည် အပေါင်းအစု ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် အတိတ်, အနာဂတ်- စသောအားဖြင့် (ညာဏ်ဖြင့်)ပေါင်းစုထားသော ရုပ်-အစရှိသည်တို့ကို 'ခန္ဓာ' ခေါ်သည်။ (တစ်နည်း အားဖြင့် မင်း၏ စည်းစိမ်ဥစ္စာအစု-ဟု ဆိုရာ၌ စည်းစိမ်ဥစ္စာများ တခြားစီ ကွဲနေကြသော်လည်း စည်းစိမ်ဥစ္စာအများကို...