ကာမာဝစရသောဘနစိတ်-ဟူသော ပုဒ်သည် ကာမာဝစရ+သောဘန+စိတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ကာမာဝစရ-ကာမာဝစရ ဖြစ်သော၊သောဘန-တင့်တယ်သော၊စိတ္တ-စိတ်-ဟု အဓိပ္ပါယ်ရသည်။
ကုသိုလ်ဟိတ် ၃ ပါး
အလောဘ၊ အဒေါသ၊ အမောဟ။ (အလောဘ-စသည်ကိုလည်း ရှု။)

ခန္ဓာတစ်ခုခုကို အပေါင်းပြု၍ သုံးသပ်ခြင်း။
မဟာကုသိုလ်, မဟာကြိယာ, အပ္ပနာဇော ၂၆ ပါး၌ရှိသော သတိစေတသိက်။
ကာမာဝစရဖြစ်သော ကုသိုလ်စိတ်။ မဟာကုသိုလ်စိတ် ၈ ပါးကိုပင် ကာမာဝစရကုသိုလ်စိတ်-ဟု ခေါ်သည်။
ဒုက္ခရောက်နေသော သူကို အာရုံပြု၍ သနားခြင်းသဘော။
ကံကြောင့်ဖြစ်သော ရုပ်။ (အကုသိုလ်စေတနာ ၁၂-ပါး၊ ကာမာဝစရကုသိုလ်စေတနာ ၈-ပါး၊ ရူပါဝစရကုသိုလ် စေတနာ ၅-ပါး၊ ပေါင်း ၂၅-ပါးသော ကုသိုလ်, အကုသိုလ် စေတနာသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ စိတ်၏ ခဏတိုင်းခဏတိုင်းမှာ ရုပ်ကို ဖြစ်စေသည်၊ ထိုကံကြောင့်ဖြစ်သော ရုပ်ကို "ကမ္မဇရုပ်"ဟု ခေါ်သည်။...