ဥပါဒါနပစ္စယာ ဘဝေါဟူရာ၌ ဥပါဒါန်ကြောင့် ဖြစ်သော ဘဝသည် ကမ္မဘဝသာ ဖြစ်၏။ ခန္ဓာဟူသော အကျိုးကို ဖြစ်ပေါ်စေတတ်သော စေတနာသည်ပင် ကမ္မဘဝမည်၏။ ထိုထိုကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် “သင်္ခါရ” မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် “ကမ္မဘဝ” မည်၏။ အနာဂတ်ဘဝဖြစ်ဖို့ရန် ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော စေတနာ ဖြစ်သည်။
ကုသိုလ်မနောကံ ၃ ပါး
၁။ အနဘိဇ္ဈာ၊ ၂။ အဗျာပါဒ၊ ၃။ သမ္မာဒိဋ္ဌိ။ အနဘိဇ္ဈာ။ (အနဘိဇ္ဈာ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...