ကဋတ္တာ ကံ

by | Jun 9, 2022 | က | 0 comments

ဂရုက, အာသန္န, အာစိဏ္ဏ အခြေအနေသို့ မရောက်တတ်ဘဲ ယခုဘဝတွင် အမှတ်တမဲ့ သာမန် ပြုအပ်သော ကံများနှင့် ရှေ့ရှေ့ဘဝက ပြုအပ်ခဲ့သော ကံများသည် “ကဋတ္တာ ကံ” မည်၏။

ကာမယောဂ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကဋတ္တာရုပ်၁

ကမ္မဇရုပ်ကိုပင် ပဋိသန္ဓေအခါ၌ ကဋတ္တာရုပ်-ဟု ခေါ်သည်။

ကမ္မနိမိတ်

ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှသော အာရုံများကို "ကမ္မနိမိတ်"ဟု ခေါ်သည်၊ (ကမ္မ- ကံ+နိမိတ္တ-အာရုံ)။

ကာမာဝစရသောဘနစိတ်

ကာမာဝစရသောဘနစိတ်-ဟူသော ပုဒ်သည် ကာမာဝစရ+သောဘန+စိတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ကာမာဝစရ-ကာမာဝစရ ဖြစ်သော၊သောဘန-တင့်တယ်သော၊စိတ္တ-စိတ်-ဟု...