အာကာသာနဉ္စာယတန-ဟူသော ပုဒ်သည် အာကာသ+အာနဉ္စ+အာယတန-ဟူသော ပုဒ်တို့ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ အာကာသ= ကောင်းကင်း (ဟင်းလင်းပြင်) ဟူသော အာရုံ၊ အာနဉ္စ= အဆုံးမရှိ၊ အာယတန= (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်း-ဟု တစ်လုံးချင်း အဓိပ္ပါယ် ရှိ၏။ ထိုသုံးပုဒ်ပေါင်း၏ တိုက်ရိုက်အဓိပ္ပါယ်မှာ (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်းဖြစ်သော၊ အဆုံးမရှိသော၊ ကောင်းကင် (ဟင်းလင်းပြင်) ဟူသော အာရုံ-ဟုသာ ဖြစ်၏။
အတိမဟန္တာရုံ
(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) အလွန်များသော စိတ္တက္ခဏရှိသော အာရုံ၊ အာရုံသည် (မိမိ၏ သက်တမ်း) စိတ္တက္ခဏတစ်ချက် အလွန်မှာ ထင်လာသည်၊ ယင်းထင်လာသည်မှ စ၍ ရေတွက်လျှင် (ရူပါရုံသက်) စိတ္တက္ခဏ ၁၆-ချက်ခန့် ရှိသည်၊ အသက်အရှည်ဆုံး ဖြစ်သည်၊ ဤအာရုံထက်...
