အပ္ပမညာကမ္မဋ္ဌာန်း

by | Jun 9, 2022 | | 0 comments

ဤမျှသော သတ္တဝါကိုသာ အာရုံပြုသည်၊ ဤမျှသော သတ္တဝါကို အာရုံမပြု၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို အာရုံပြုသည့်အခါမှာလည်း အထက်ပိုင်းကိုသာ အာရုံပြုသည်၊ အောက်ပိုင်းကို အာရုံမပြု၊ ဤသို့ စသည်ဖြင့် အရေအတွက်အားဖြင့်လည်း ပိုင်းခြားကန့်သတ်မှု မရှိ၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းအားဖြင့်လည်း ပိုင်းခြားကန့်သတ်မှုမရှိသော သတ္တဝါများကို “အပ္ပမာဏ”ဟု ခေါ်သည်။ ထိုသို့ ပိုင်းခြားကန့်သတ်မှု မရှိသော “အပ္ပမာဏ”ခေါ်ဆိုရသော သတ္တဝါ ဆိုသူကို အာရုံပြု၍ ဖြစ်သော ကမ္မဋ္ဌာန်းကို “အပ္ပမညာကမ္မဋ္ဌာန်း”ဟု ခေါ်သည်။

အနိစ္စ

သင်္ခါရတရားတို့၏ မမြဲခြင်းသဘောလက္ခဏာ။

အရဟတ္တမဂ်စိတ်

အရဟတ္တမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အရဟတ္တမဂ်စိတ်-ဟု ခေါ်သည်။

အတ္ထိပစ္စယော

ထင်ရှားရှိသည်၏ အဖြစ်ဖြင့် (ထင်ရှားရှိသည်သာလျှင် ဖြစ်သော တရားအား ထောက်ပံ့လျက်) ကျေးဇူးပြုတတ်သော...

အကုသလဝိပါက်စိတ် ၇ ပါး

၁။ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ပါး၊၂။ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် ၁ပါး၊ ၃။ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် ၁ပါး၊ ၄။ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် ၁ပါး၊ ၅။ဒုက္ခသဟဂုတ်ကာယဝိညာဏ်စိတ် ၁ပါး၊ ၆။ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် ၁ပါး၊ ၇။ဥပေက္ခာသဟဂုတ် သန္တိရဏစိတ်...