သဥပါဒိသေသနိဗ္ဗာနဓာတ်

by | Jun 9, 2022 | | 0 comments

ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် မချုပ်သေးခင် (ပရိနိဗ္ဗာန် မဝင်စံခင်) အာရုံပြုအပ်သော နိဗ္ဗာန်သည် “သဥပါဒိသေသ နိဗ္ဗာနဓာတ်” မည်၏၊ (သ= ရှိသည် + ဥပါဒိ= ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ် + သေသ=ကိလေသာတို့မှ ကြွင်းကျန်။)

သဟဇာတရုပ် ၂

ပဝတ္တိအခါ စိတ္တဇရုပ်၊ ပဋိသန္ဓေအခါ ကမ္မဇရုပ်။

သဒ္ဓါစရိုက်ရှိသူ

သဒ္ဓါအဖြစ်များသူကို "သဒ္ဓါစရိုက်ရှိသူ"ဟု ခေါ်သည်။ ယုံကြည်မှုသဒ္ဓါအား ကောင်းသူများ ဖြစ်သည်။

သုဒဿာ

အလွန်လှပတင့်တယ်ကြသဖြင့် ကြည့်ရှုချင်စဖွယ်ကောင်းသော ဗြဟ္မာများ

သောတဒွါရိကစိတ် ၄၆ ပါး

အကုသိုလ်စိတ် ၁၂ ပါး၊ သောတဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...