ကိုယ်အကြည်ဓာတ်ကို “ကာယပသာဒ”ဟု ခေါ်သည်၊ ထိုကာယပသာဒသည် အသားမာ, ခြောက်နေသော အရေ, ခြေသည်းဖျား, လက်သည်းဖျား, ဆံပင်ဖျား, အမွေးဖျားများတို့မှ တစ်ပါး ကျန်တစ်ကိုယ်လုံး၌ ပျံ့နှံ့ ဖြစ်တည်နေသည်။
ကာယာနုပဿနာသတိပဋ္ဌာန် ၁
ကာယမည်သော စက်ဆုပ်ဖွယ် ဆံအစရှိသည်တို့ ဖြစ်ရာ အတ္တဘောကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာမည်၏။ တစ်နည်းအားဖြင့် ထွက်သက် ဝင်သက်တို့၏ အပေါင်းကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာ...
