အဘိဓမ္မာ အဘိဓာန်

ဤအွန်လိုင်းအဘိဓာန်တွင် ရှာဖွေနိုင်သော စကားလုံးအရေအတွက် ၁၃၈၈ သို့ရောက်ရှိနေပြီဖြစ်ပြီး ဆက်လက်လည်း ထည့်သွင်းသွားမည်ဖြစ်ပါသည်။ ဤဆိုဒ်၏ ရည်ရွယ်ချက်မှာ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာကျမ်းတွင် ပါရှိသော စာလုံးများကို လွယ်ကူစွာ လေ့လာ သဘောပေါက်စေရန် ရည်ရွယ်ပါသည်။

သိလိုသော စာလုံးကို အောက်တွင်ရှိသော search box တွင် ရိုက်ပြီး ရှာနိုင်သလို
စာလုံး အစများကိုနှိပ်ပြီးလည်း ရှာဖွေနိုင်ပါသည်။

အာဟာရဇကလာပ် ၂ စည်း

၁။သုဒ္ဓဋ္ဌကကလာပ်၊ ၂။လဟုတာဒေကာဒသကကလာပ်။ (အာဟာရဇရုပ် ၁၂ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ လဟုတာစသော ၃ ပါးနှင့် ပေါင်းစည်းသော် လဟုတာဒေကာဒသကကလာပ်ဟု...

ဉာဏဒဿနဝိသုဒ္ဓိ

အောက်ဝိသုဒ္ဓိ ၆-ပါးကို အစဉ်အတိုင်း အားထုတ်လျက် ဖြစ်စေ ထိုက်သော မဂ် (ဉာဏ်) ၄-ပါးကို "ဉာဏဒဿနဝိသုဒ္ဓိ"ဟု ခေါ်သည်၊ "ဆိုင်ရာ ကိလေသာတို့မှ စင်ကြယ်၍ သစ္စာ ၄-ပါးကို တိုက်ရိုက်သိတတ်သော ဉာဏ်"ဟု ဆိုလိုသည်။ မဂ်၏ ရှေ့နား အနုလုံသို့ ရောက်လျှင် အောက်ဝိသုဒ္ဓိ ၆-ပါး ပြီးသည်၊...

ပရမတ္ထတရား

မိမိတို့၏ ပင်ကိုသဘောမှ ဖောက်ပြန် ပြောင်းလွှဲခြင်း မရှိသော၊ မှန်ကန်လျက် တကယ်ရှိသော အရှိတရား။ (တစ်နည်း) မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံပြုရာ၊ ကျက်စားရာဖြစ်သော တရား ။(ပရမတ္ထကို ပရမ+အတ္ထ-ဟု ပုဒ်ခွဲ၊ပရမ-မြတ်သော၊ အချုပ်ပဓာနဖြစ်သော၊ သဘောတရား။တစ်နည်း=ပရမ-မြတ်သော...

အရူပါဝစရဘုံ

အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် အရူပါဝစရဘုံ မည်၏။

သဒ္ဒဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အသံ။